
တို့ တော ရွာ
*^*^*^*^
*^*^*^*^
တမာပင် ထန်းအိုတန်းရယ်နဲ့
ဩော်
ကညာခင် ပျိုယမင်းရယ်က
ရွာအဝင် လာလမ်းဆီမှ
မှန်း စ ရင်း ငို ။
ဖွဲ့မမှီ ရွာအလှရယ်မို့
ဆေးပန်းချီ ပြိုင်နိင်အုံးမလား
လေကောင်း ရယ် လေသန့်တွေနဲ့
ဝင်းလဲ့စို ရွှေရောင်စပါးခင်းတွေက
စိမ်း ဖန့် လို့ ညို ။
နရီညို ညနေစောင်းမှာဖြင့်
လုံမညို ပျိုတစ်သင်းတို့မှလ
ရေအိုးရယ် ကိုယ်စီအသွယ်သွယ်နဲ့
ရွာအလွန် ကန်သာလှဆီသို့
မြန်း ကြ တယ် ကွယ် ။
မြို့မှာနော် အနေမွန်းပြီမို့
တောဓလေ့ မှာ ပျော်မွေ့ရအောင်
သဟာဆွေ ဖော်အပေါင်းတွေနဲ့
စားသောက်ဖွယ် စုံလင်စွာဖြင့်
ရွာအမြန် တို့သွားကြမယ်
ခင် ရယ်
ပြေး လို့ ကြို စမ်း ။ ။