ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

ငါ မတွေးရဲဘူး မိမိဝေ

ငါ မတွေးရဲဘူး မိမိဝေ
@@@@@@@@@

ဘဝတွေ ခါးခဲ့လို့လား
ဟ ... အင်း

အသိတွေမှားခဲ့လိုပါ မိမိဝေ ....

အချစ်ဆိုတာကို
အဓိပါယ်တွေ အမျိုးဖွင့်ဆိုကြပေမယ့်
နင့် အတွက် ငါ တစ်ခန်းတစ်နား
စာဖွဲ့မပြတော့ပါဘူး မိမိဝေ ....

အချစ်ဆိုတာကိုမှ
ကစားစရာ ထင်မှတ်မှားကာ
နင့် က
လေသရမ်းရုံနဲ့ ကြွေသောပန်းလို့
မိန်းမသားတစ်ယောက်ပါလား မိမိဝေ .....

မိမိဝေ ရေ
ဘဝတွေ ခါးချင်ခါးလေ
အသိတွေတော့ မဝါးနဲ့ဟ
သတိမှားကာ အထိများရင်
နင် လေ
ညပျော်ငှက်များ ဖြစ်သွားမလား

အို .....
ငါ မတွေးရဲဘူး မိမိဝေ ရယ် ။ ။ 


No comments:

Post a Comment