ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

တစ်လှမ်းခြင်းပေါ့ မာယာရယ်

တစ်လှမ်းခြင်းပေါ့ မာယာရယ်
++++++++++++++++

အလွမ်းမိုးတွေ
သွန်းဖြိုးတဲ့ မနေ့ကည
ငါ အိပ်မရခဲ့ဘူး မာယာရေ

နင် ထားခဲ့တဲ့

ငါ က

နင့် ကို လွမ်းလို့

နင် ပြစ်ခဲ့တဲ့

ငါ က

နင့် ကို မမေ့လို့

စုတ်ရင်လည်းဆူး စားလည်းရူးနဲ့
နေမြင့်လေလေ
အရူးရင့်လေပါပဲလား မာယာရေ

နင် ရုပ်လှသလောက်
စိတ်ဓာတ်တွေ ညစ်နွမ်းလေသလား
နင် နာမည်ဖြူသလောက်
သစ္စာတွေ မည်းရက်လေသလား

တော်ပါပြီ မာယာရယ်
သစ္စာမရှိသူတို့ ပျော်တဲ့ပွဲမှာ
ငါ့ မျက်ရည်တွေ စီးဆင်းစရာလား
ပျော်ကြစမ်းပါ ချစ်ကြစမ်းပါ
အရှက်မရှိသူတို့ အရူပ်ဇတ်ထဲမှာ
အရှက်ရှိသူမို့ လှည့်မကြည့်တော့ပဲ
နင် နဲ့ဝေးရာသို့ တစ်လှမ်းခြင်း လှမ်း ။ ။

No comments:

Post a Comment