ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အချစ်ရူး

အချစ်ရူး
xxxxx

ဩော်
မချစ်ခင် တမင်တိမ်းပေမယ့်
အပြစ်မြင်
မောင် တစ်ကယ် မစိမ်းရက်သေးပါဘူး
အချစ်ရယ် ....

ဟိုယခင် အတိတ်တွေက
အနာဂါတ်မှာ အရိပ်လိုပဲမို့
မောင့် ရင်မှာ စဉ်တဝဲနဲ့
သိပ်ချစ်တယ် ကွယ် .....

မခေါ်သာ နေ့ရက်တွေမှာ
ဖော်မပါ မောင်ကတော့ဖြင့်
စုံဂနိင် တောမြိုင်အတွင်းက
ငှက်များနှယ် ပျော်ရွှင်မမြူးလေတော့
စိတ်တေလေ ဂယောက်ချောက်ချားနဲ့
လမ်းဆုံမှာ ကမ်းကုန်သာ
ဂျမ်းပုံလို ဟစ်လိုက်ချင်ရဲ့
အချစ်ရူးပါ အချစ်ရေ လို့ ။ ။

No comments:

Post a Comment