ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

မ တူ ညီ လို့ လွမ်း မိ တယ်

မ တူ ညီ လို့ လွမ်း မိ တယ်
xxxxxxxxxxxxxxxxxx

မြန်းမကြာ ၂၀၁၁ တုန်းဆီသို့
လွမ်းကမ္ဘာ မျှော်ရင်းတမိရင်ဖြင့်

မတူပါ ခုများနဲ့ ဝေးလာဝေးပေါ့ ....

ဖေ့ဘုတ်ဆို အကောင့်ရှိသာရှိပေမယ့်
အသုံးရယ် သိပ်မတွင်ကျယ်သေးပေသမို့
ကျုပ်တို့တွေ နိုင်းဆိုဒ်မှာ လှည့်ကာဖွေရင်း
ရွှေ ဖူးစာ စ ဧဒင် အလယ် ဇွဲ ပင် နောက်ဆုံး
အို ဆိုဒ်အစုံမှာ အပျော်တွေ လွန်စုံလင်လို့
ဖေ့ဘုတ်ဆို ယောင်လို့ပင် မဝင်မိပါဘူး ....

ခုများဆို ဖေ့ဘုတ်ရယ် လူ့ကွန်ယက်ပေါ့
အရင်ကဆို အပျော်တွေ မြူးကြပေမယ့်
ခုများဖြင့် ယုတ်မာသူ အလွန်ပေါပါလို့
ဖေ့ဘုတ်မှာ နှမရယ် မောင်မခြားပါဘု
ဖရီးကောတွေ အသားကုန်ခေါ်မယ်
sex ပုံတွေ ပေးကာ ပို့မယ်
ဆဲနည်းတွေ ပေါင်းစုံသွားမယ်
အသည်းတွေ ခွဲကာပြမယ်
အသစ်အသစ်တွေ တွဲကာပြမယ်
ယိုသူတွေ မရှက်ကြပေမယ့်
မြင်သူတွေ အလွန်ရှက်လေသမို့
သက်ပြင်းကို အကြိမ်ကြိမ်ချ ကာ
လေပူကို တစ်ယူဇနာဖြားဆီသို့ မှုတ်မိတယ်လေး ....

ဩော်
မတူပါ ဖေ့ဘုတ်ရယ် နိင်းဆိုဒ်တွေနဲ့
ဖေ့ဘုတ်မှာ ပြောချင်တာ ရနိင်လေတော့
ယုတ်မာသူ လူရမ်း တစ်ချို့ တစ်ချို့ ကို
ဘလော့ယုံသာသာလေးသာ ရနိင်ခဲ့တယ်
ဖေ့ဘုတ်မှာ ဘလော့ရယ် အမ်ဖရန့် နိင်ပေမယ့်
နိင်းဆိုဒ်မှာ ကျုပ်တို့တွေ ip ကိုင်လိုက်ရင်ဖြင့်
သင်းတို့တွေ သည်အကောင့်ကို မပြောလေနဲ့
စက်မပြောင်းလျှင် ထပ်ဝင်မရပါဘု
ဆဲနိင်သူ သူတို့ ထပ်ကာရိုင်းမလား
ip ကိုင် ဘမ်း လို့ ကစားနိင်သမျှတော့
သူတို့ သူတို့တွေ လူလိုသိပြီမို့
အပျော်တွေ အလွန်ရတယ်
လွမ်း မိ တယ် တ အား ။ ။ 


No comments:

Post a Comment