ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏
|
-
Tuesday, October 21, 2014
ကြာခဲ့ပြီလေ
ကြာခဲ့ပြီလေ
=======
မေတ္တာအစစ်ကို သစ္စာအချစ်နဲ့မျှော်ရင်း
စောင့်စားနေသူ ကျွန်တော်အတွက်က
အချစ်စစ်ပန်းတွေ မပွင့်တာကြာလာတော့
ပန်းတွေများလည်း အချိန်တန် လာမှာပဲဆိုပြီး
ဖြေသိမ့်နေလိုက်တယ်
အကြည့်စူးစူး မျက်လုံးတွေနဲ့
သံသယ အချစ်ခါးခါးတွေကို
အလိုက်သင့် ယဲ့ယဲ့လေးပြန်ပြုံးပြရင်း
ကျေနပ်နားလည်အောင် အပျော်တွေပြခဲ့တယ် ။
အတွယ်အတာကြီးတဲ့ နှလုံးသားနုနုကို
မထင်မှတ်စွာ ရွာသွန်းလိုက်တဲ့
သစ္စာမဲ့ မိုးတွေကြောင့်
အချစ်ပန်းပင်မှာ အချစ်ဖူးတွေ
ဓမ္မတာကြောင့် မဟုတ်ရပါပဲ
မပွင့်ဖူး မလန်းဆန်းခဲ့တာ ကြာပါပြီပေါ့ ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment