ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

မုန်း တက် ခဲ့ ပြီ



မုန်း တက် ခဲ့ ပြီ
++++++++

ကျေးဇူး ပြုလို
မယာတွေဖြင့် မလာကြပါနဲ့

သံယောဇဉ်တွေ ကြီးတတ်လို့ပါ
အတု အယောင်တွေက
ငါ့ ရင်ဘတ်ကို
စုတ်ချက်ကြမ်းကြမ်းနဲ့
တိုက်စား သွားသလိုပဲ ။

အေးမြတဲ့ ဆောင်းမှာ
နှင်းတွေမဝေတော့ဘူး
အရှက်ပြေ မျက်ရည်စတွေကို
သက်သေတွေ မပြချင်တော့ဘူး
ငါ နှလုံးသားကို ငါ ကာကွယ်ဖို့
တာနောယက္ခ ဖြစ်ချင်ဖြစ်ပါစေတော့ ။

ငါ ဟာ အရူးတစ်ယောက်ပါ
ရီ(ရည်)လိုက်ကြစမ်းပါ
ဟား တိုက်လိုက်ကြစမ်းပါ
ဒီကောင်က ငတုံးလေ
ကိုယ့် အပူကိုရှာ
ကိုယ့် မီးကိုမွှေးနေတာ
ခုတော့ ဒဏ်ရာဗလပွနှင့်
အားလုံးကို အပြုံးတုများနဲ့
ဒီကောင် မုန်းတက်ခဲ့ပြီပဲ ။ ။

No comments:

Post a Comment