ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အွန် လိုင်း ချစ် သူ

အွန် လိုင်း ချစ် သူ
%%%%%%%



ချစ်သက်သေ ခြေရာကလေးတွေနဲ့
ဝေဒနာတွေ တမင်လာပေးသော်လည်း
မုန်းကျိန်စာ ပြန်ကာလေ မတိုက်ရက်သူမို့
သက်သေတွေပြဖို့ လိုအုံးမလားဟယ်

တို့နှစ်ကိုယ် အွန်လိုင်းမှာ ဆုံတွေပါရဲ့
ချစ်ပုံပြင် အဆန်းဆန်းတွေနဲ့မှ
တစ်တွဲတွဲတောင်နေခဲ့ ကြသေးတယ်လေ

ရေမြေတွေ ခြားပေမယ့်
မေတ္တာတွေ ပိုခဲ့ကြလို့
သစ္စာတွေ ခိုင်ခဲ့ကြသေးတယ်လေ

ချစ်စိတ်မပြယ် မုန်းရိပ်မတွယ်ပဲ
ဘယ်ကြမ္မာ လေပွေဆိုးကြောင့်
အမြင်တွေ မှားခဲ့လေသလဲကွယ်

အဖြေတွေ သေခြာစွာ ဆန်းစစ်တော့မှ
နောက်ရင်ခွင် အသစ် အသစ် တွေနဲ့
ခွန်းနူတ်ချို ပျော်ဟန်ဖွဲ့လေမှတော့
နှလုံးသား အသည်းကြွေသမျှတွေကို
အမုန်းတရား ဥပေက္ခာရေစက်ချရင်း
အရှုံးသမား တစ်ယောက်ကတော့ဖြင့်
မျက်ရည်တွေသာ ခခဲ့မိတယ်လေ

နင် ကတော့ အဖော်အသစ်တွေနဲ့
ပျော်ရစ်ကာ နေနိင်ရက်ပေမယ့်
ကျန်ရစ်သူ တစ်ယောက်ကတော့
မသုံးတော့တဲ့ gmail အဟောင်းရယ်
နင်ပေးခဲ့ အမှတ်တရ ပုံလေးတွေရယ်
ချက်ခန်းထဲက အသံဖိုင်လေးတွေရယ်
အပြန်အလှန် ချစ်စကားလေးတွေရယ်က

ခုတော့ ခုတော့ ခုတော့
ကလူကျီစယ် နေသလိုပါပဲလား
အွန်လိုင်းချစ်သူရယ် ။ ။

No comments:

Post a Comment