
သံ ယော ဇဉ်
+++++++
မျက်ဝန်းတွင် လည်း
ပုလဲရည် အခါခါ ခ လေတော့
ဆောင်းနှင်းမှာ မြူခိုးတွေ ဝေသလိုပ
ဖြေမရွှင် ပျော်မမွေ့လေဘု
နူးညံ့တဲ့ ငါ့ နှလုံးအိမ် ။
ငါ့ အနီးမှ
ချစ်ခင်သူ သူတို့လေးတွေက
ဖော်သဟာဆွေ အသစ်သစ်တွေနဲ့
ခွန်းနူတ်ချို ကြည်နူးနေမှတော့ဖြင့်
ယောင်လို့ပင် အရေးမလုပ်လေတော့
စာသီကာ ကဗျာတွေစပ်သော်လည်း
သံယောဇဉ် မေ့ကာထားပြီမို့
ငါ လိုလူ မျက်နှာမွဲကို
ရှိတယ်တောင် မထင်မိတော့ဘူး ။ ။
No comments:
Post a Comment