ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အပြစ်လား ကွယ်



အပြစ်လား ကွယ်
×××××××××

ဩော် .....

ချစ်သူရယ်

လွမ်းသမုဒရာ ဝဲမှာမှ
စမ်း မဟုတ်ရပါပဲ
အချစ်ဆိုသော 
မြစ် ချောင်း အင်း အိုင် တို့ကလည်း 
စီးဆင်းပါတကား ။

မစီးနဲ့လေ 
ရေ ကို ပိတ်ဆို့တားစီး၍ ရပါသလား
မချစ်နဲ့လေ
အချစ် ကို ပိတ်ပင်တားစီး၍ ရပါသလား

ဒီလိုပါပဲ ချစ်သူရယ်
နှလုံးသားဆိုတာ ရှိနေသမျှတော့
ချစ်တက် ခံစားတက် မြတ်နိုးတက်တာ 
အပြစ်လားကွယ် အချစ်ဆုံးရယ် ။ ။

No comments:

Post a Comment