ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အပယ်ခံ လူသား


အပယ်ခံ လူသား
+++++++++

သံယောဇဉ် ကြီးသူမို့
နင်တို့ နင်တို့ တစ်တွေ
ငါ့ ကို လေ
အသုံးတော် ခံကြပါ .....

လိုချင်ရင် တောင်း
သိချင်ရင် လာ မေး
နင်တို့ နင်တို့ အတွက်
ငါ က လေ
ပျော်တော်ဆက် တဲ့လား ....

အမုန်းမဖက်ပါဘူး
ပြုံးလျှက်ပါပဲ ဟယ်
အရှုံး အမြတ်မတွက်ပဲ
နှလုံသား နဲ့ ပေစပ်သူမို့
မေတ္တာ တွေ ပိုင်းဖြတ်ကာ
ဩော် 
ငါ ဟာ လေ
အပယ်ခံ လူသားပါ တကား ။ ။ 

No comments:

Post a Comment