ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အိမ့် ကိုလွမ်းလို့ သီသော ကဗျာ


အိမ့် ကိုလွမ်းလို့ သီသော ကဗျာ
××××××××××××××××

ရှိ ခြင်း မရှိ ခြင်းတွေ ရယ်
သိ ခြင်း မသိ ခြင်းတွေ ရယ် နဲ့
နေ့ စွဲ ပေါင်း များ စွာ ထဲ မှာ
လွမ်း မော မှု့ ပေါင်း များ စွာ ဖြင့်
ချစ် ခြင်း မချစ် ခြင်း တွေကိုလည်း
ရှာ ဖွေ ခဲ့ ဖူး တယ် .....

အချစ် အတွက် နဲ့ ... ငါ 
အကြိမ်ကြိမ် လဲပြိုလို့
ဝေဒနာ များ စွာ နဲ့
အ ပေါင်း အ သင်း လုပ် ရင်း
မာယာ လမ်း တွေ မှာ လည်း
သစ္စာတွေ နဲ့ လျှောက်ခဲ့ဖူးတယ် .....

သံယောဇဉ် လက်ကျန်တွေနဲ့
အမုန်းတွေကို ဥပေက္ခာ ပြု ရင်း
အချစ်စစ် ဆိုသော နွေးထွေးခြင်းတွေနဲ့
တစ်ချိန်တုန်းက အိုအေစစ်ကလေး က
စာ နာ မှု့တွေ နဲ့ ဖေး မ ကူ လို့
အရှုံးတွေကို ပြုံး စေခဲ့ဖူးတယ် ......

လွမ်း တာ ကို
လွမ်း တယ် လို့
ဖွ ဖွ လေး ငြီး မိ တိုင်း 
အ ချစ် တွေ သာ
ဆ ထက် တိုး တိုး လာ လို့
ခိုး ခိုး ပြီး တော့
ဓါတ် ပုံ လေး ကို နမ်း ခဲ့ ဖူး တယ် .....

ခု ချိန် ထိ တော့

မှား ခဲ ဖူး တဲ့ .... ငါ က

စာ နာ ပေး တဲ့ ... နင့် ကို

အ ရမ်း ချစ် တယ် ဟာ ။ ။

No comments:

Post a Comment