ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

အမှောင် ည

အမှောင် ည
********

နှစ်ကိုယ် မကြင်ခဲ့ရပါပဲ
ကျွန်မ ရဲ့ အပျိုစင်ဘဝ

ပျက်ခဲ့ရသော ည ပါလား အကို

နဂိုကမှ ဘဝတွေမွဲလို့
အသိတွေ နည်းခဲ့ရသူက
အချစ်ဆိုတာ မပါခဲ့ရပါပဲ
ထန်းညက်ခဲလေး တစ်လုံးကို
ပြပြီး မြူဆွယ်လိုက်တာနဲ့
ကျွန်မ လေ
ခွေးတစ်ကောင်ဖြစ်ခဲ့ရပါလား အကို

ပွဲလှန်တုန်းမှာဖြင့်
ဖျာ မခင်းချင်တော့ပါဘူး
သံသရာ ဘဝငရဲမှာမှ
ကြမ္မာဖန်လာသော ဝဋ်ဆိုရင်
ရင်စီးကာ ခံ ကျွန်မ ကံပေါ့ အကို

ဘယ်သူတွေ ဘာတွေ ပြောပြော
မျက်ရည်တွေ ခြေဆေး ရသော ည
အပျိုစင် တစ်ယောက်ရဲ့ မှောင်သော ည
ကိလေသာတွေ ညှိပွေခဲ့သော ည
မောဟ အပူမီးဖြာသော ည
အပျိုရည် ပျက်သော ည
အပျော်မကျူးရပါပဲ ငိုလူးရသော ည
ကဲ အကို
ကျွန်မ အချိန်ပြည့်ပြီ မို့
အချိန်ရှိခိုက် လုံးလစိုက်ရအောင်
ကျွန်မ ဂိုးလိုက်ပါအုံးမယ် အကို ။ ။

No comments:

Post a Comment