ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

တစ် ပွင့် ပန်း


တစ် ပွင့် ပန်း
++++++

တစ်ပွင့် ပန်းပေမို့
အလှမှာ အရင်ဆင့်ကာ
ဘဝင်တုန် ရင်ခုန်နွေးပါပေါ့
သည်းခိုက်လို့ ဗျာပါကြွေ
ခက်လှတယ်လေ ....

တော်ဝင်သူ ပင်နွယ်ဖွားဆီမှ
ရနံ့စုံ သင်းပျံ့မွှေးလေတော့
ဒီလူကို ရင်မှာအေးတယ်
ရှင်း သန့် လို့ ကျော့ ။

အသားတော် သိင်္ဂီသွေးရယ်နဲ့
ဆံထောက်နွယ် ကောသာထုံးလို့
(ဆံကေသာ ကျောမှာဖြန့်လို့)
သူ့ပါးမယ် ဝါရွှေလူးတယ်
ခေါင်း ထောင် လို့ မော့် ။

ဘယ်သူတွေ ဘယ်လိုပြောင်းပေမယ့်
ခေတ်ဆန်ကာ သူရှေ့မပြေးပါပဲ
နန်းဆန်တယ် အဆင်ဆန်းတွေနဲ့
ပွဲလယ်မှာ အများအမြင်သင့်အောင်
လုံမပျို လှနိင်လွန်းတယ်
(အလိုကွယ်)
ဖိုး ထိုက် တဲ့ ပန်း ။ ။

No comments:

Post a Comment