
တောသူလေးပါ မောင်
++++++++++++
သတင်း ပျံ့မွှေး
ရှင်းသန့် အေးတဲ့
ကျွန်မ ကလေ
တောသူလေးပေါ့ မောင် ...
ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
အချိတ် ထမိန်
ခါးမှာ မြန်းတဲ့
တောသူလေးပေါ့ မောင် ....
ဆံမြိတ် နှစ်ဖက်
ကျောမှာ ယှက်လို့
နန်းဆန် ယဉ်ကျေး
တရား ဆေးနဲ့
ဧည့်ဝတ် ကျေသော
တောသူလေးပေါ့ မောင် ....
ခေတ်တွေပင် ဘယ်လိုပြောင်းပေမယ့်
စိတ်သဏ္ဍာန် အမှန်မပြောင်းလေတော့
မြန်မာမှန် သနပ်ခါး ရယ်
စားမယ်နော် ငါးပိ အတို့ နဲ့
ဘဝတွေ မမေ့ရအောင်
ဗျို့ဟစ်ကာ အော်လိုက်ချင်ရဲ့
မောင်ကြီးရေ
ကျွန်မက တောသူလေးပါလို့ ။ ။
No comments:
Post a Comment