ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

သခင့် ထံသို့

သခင့် ထံသို့
======

ယခင်အရေးတွေကို ရင်မအေးပါလို့ 
အစဉ် ရေးခြစ်ကြည့်တော့လည်း

သြော်
ထင်တရေးရေးပါပဲလား သခင်ရယ် ...

မောင့် ကမ္ဘာမှာ လ မသာလို့
နေ့ အခါဆိုတာ မသိ
ရက် အခါဆိုတာ မသိရပါပဲ
သေမိန့်ကျ ခံထားရသူ
တစ်ယောက်လိုပါပဲလား သခင်ရယ် ...

ဟိုး ...................
အရှေ့ကျွန်းမှာ နေယွန်းတော့မယ်
သခင် ရဲ့
အာဏာရယ် ပါးကွပ်သားတွေနဲ့
သတ် လိုက သတ် ထား လိုက ထား
ချစ်မိသူ အသည်းကြွေပြုန်းတောလည်း
သခင် ရေ
မောင် ကတော့
အမြဲ သေဆုံးခဲ့ပါပြီ တကား ။ ။

No comments:

Post a Comment