ငါ့ ကိုယ်မချစ်တဲ့ ငါ့ ချစ်သူ သို့
++++++++++++++++
ဒူးထောက်ကာ အရှုံးပေးထားတဲ့
ငါ့ နှလုံးသား တစ်စုံကို မှ
အားနာသမှု့ နဲ့ ဘာကြောင့် ရယ်
မျက်ကွယ် ပြုရက်ခဲ့သလဲ ...
အဖြူစင်ဆုံး မေတ္တာတွေ နဲ့
လည်စင်း ပေးခဲ့သူကို မှ
မညှာ မတာ ဘာကြောင့် ရယ်
ဝေဒနာတွေ ပေးရက်ခဲ့လေသလဲ .....
ဘဝထဲကို တိုးဝင်လာတဲ့
သစ္စာမရှိသော မာယာတွေကို ကြောက်လွန်းလို့
နွေးထွေးတဲ့ အချစ်စစ် လို့ ထင်ခဲ့မိတာ က
ငါ့ အတွက် မုန်းတိုင်း တွေတဲ့လား ....
အချစ်ဆိုတဲ့ ခက်ဆစ်ကို မှ စာလုံးပေါင်း
နင် တက်ခဲ့သော ဘဝ ကျောင်း က
ဟန်ဆောင်ခြင်း ကျိန်စာတွေ သင်ပေးခဲ့လေသလား ....
တကယ်တော့ ငါ က နင့် ကိုယ်
နုံနုံ အအ နဲ့ အရဲစွန့်ပြီး ချစ်လိုက်တာ
တုံးတုံး အအ နဲ့ သုံးစားမရ အောင်
ညံ့ခဲ့လို့ မဟုတ်ရပါဘူး ...
မေတ္တာပေးလို့ မေတ္တာရမယ် ထင်မိသူက
နာကျင်ရတဲ့ ခဏတာ တွေ ကို မေ့ ရင်း
တိတ်တိတ် ကလေး ပဲ ငို ကြွေးလိုက်တော့မယ်
ငါ့ ကိုယ်မချစ်တဲ့ ငါ့ ချစ်သူရေ ။ ။
No comments:
Post a Comment