ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

လွမ်း မိ တယ်(၁)


လွမ်း မိ တယ်(၁)
()()()()()()()()

မိုးကအေးအေး 
စောင်းခြုံထွေးရင်း
ဂဏန်းကောက်ခါ
ဖားကောက်ခါနဲ့
ပလိုင်းလွယ်သော
ရောင်းရင်းတွေလည်း လွမ်းမိတယ် ......

လယ်ရိုးတစ်လျှောက်
ဖြိုးမောက် ပဒူ
ခူးကာ ဆွတ်လို့
ကန်းစွန်း ကြဲကြဲ
ချဉ်ဟင်း ရွှဲကာ
လွေးကာ စားရ
ထိုဘဝ ကို
မျက်ရည်များဖြင့် လွမ်းမိတယ် .....

ဝါဆို ဝါခေါင်
ရေဖောင်ဖောင်နဲ့
နယုန် သားမွေး
မှတ်မိသေးတော့
လောင်းလှေ တူစီး
ရူးမညီးတဲ့
ရွာက သူ့လဲ လွမ်းမိတယ် ....

No comments:

Post a Comment