ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

ဗေဒါ လို


ဗေဒါ လို
*-*-*-*

မြူးချင်စမ်းပါဘိ

ရေနဒီ မြစ်တကြောမှာပ

ဘဲအုပ်ရယ် တစ်ရာ နှစ်ရာ နဲ့

အစုန် အဆန် ကူးရရင်ဖြင့်

ပျော်ရွှင်ကာ လွန်ကြည်မွေ့တော့

ဝဲ ခို လို သော့ ....

လှိုင်းရယ်ထန် ရေတက်ပေမယ့်

မြှုပ်လျှင်ပင် ပေါ်လာစမြဲရယ်နဲ့

ဗေဒါငယ် မာန်ကိုခဲလေတော့

တုယူစရာ တစ်ကယ်ကောင်းပြီမို့

ပန်းပန်မယ် သူလိုပဲပေါ့

အား တင်း လျက် ပဲ ။ ။

No comments:

Post a Comment