ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

နောက်လူ ငါ့ထက် ချစ်စေ ဖြူ

နောက်လူ ငါ့ထက် ချစ်စေ ဖြူ
&&&&&&&&&&&&&&&&&&

တစ်သက်တာ 
ထာဝရရယ်နဲ့ တစ်ဘဝ စာ

နင် ချစ်ခဲ့ပါသတဲ့လား ဖြူ ရယ် ...

အဝေးနေ
အနေမဝေးကြရပါပဲ
နင်ကမှ သစ္စာမရှိခဲ့တာလေ
ရင်ထဲမှာ မကျေနပ်ပေမယ့်
ငါ့ ကိုယ် ငါ အားမာန်တင်းရင်း
မိကျောင်းမင်း ရေခင်းမပြတော့ပဲ
ဘဝ ကံ ကံရဲ့အကျိုးလို့သာ
မှတ်ယူထားလိုက်တော့မယ် ဖြူ .....

ဩော်
နင် မေ့စေတော့ရယ်ပေါ့
နောက်ချစ်သူ ရင်ခွင်ထဲမှာ
ပျော်ပါစေ ခွန်းသံဖွဲ့လို့
မတွေ့အောင် တမင်တိမ်း
ငါ လေ
ခပ်စိမ်းစိမ်းပဲ နေပေးမယ် ဖြူ ....

သိပ်ချစ်ခဲပေမယ့်
မာယာတွေ ပိုများသူမို့
ယုတ်မာပုံ နင့်အကြောင်းတွေလဲ
ဖွဲ့နွဲကာ စာမသီချင်တော့ပါဘူး
ပိုချစ်လျှင် ပိုနစ်သူက
ငြိုငြင်ရင် အပြစ်ဖြစ်တော့မှာမို့
သောကကို ရင်မှာထိန်း
မျက်ရည်ရယ် အပူမီးတွေနဲ့
ဆုတောင်းကာ နူတ်ဆက်ခဲ့မယ်
ဖြူ ရေ
နောက်လူငါ့ထက် ချစ်စေကွယ် ။ ။ 

No comments:

Post a Comment