
ညီမလေးဖတ်ဖို့
++++++++
ညီမလေး ရေ
မပေါ်တပေါ် ရင်လွှာဖော်ကာ
ယိုသူမရှက် မြင်သူရှက်အောင်
ရာဂဖိတ်ခေါ် တဏှာစိတ်စော်လို့
ချော့မြူ မာန်ကြွ ဒီအလှနဲ့
အမှောင်ချောင်တွင်း သက်ခါဆင်းတော့
ကြွေကြမြေခ ချစ်နှမ ။
ညီမလေး ရေ
အသိကမှား သတိဝါးတော့
အထိများကာ ဗိုက်ပူရှေ့ထွက်
မျက်ရည်စက်နဲ့ အဖေမပေါ်
ကလေးတော်သို့ မည်သို့ပြောမယ်
စကားသွယ်ကို ထိုကလေးမှ
နားထောင်မည်လော ထောင်မည်လော ။
ညီမလေး ရေ
အများအမြင် ကာမထင်လို့
ချက်မှတစ်သွယ် စာပို့ကာရယ်
ဖုန်းဖြင့်တစ်မျိုး ဆေးတွေထိုးနဲ့
ယုတ်စွနောက်ဆုံး (...)ပုံပို့ကာ
ဈေးစကားဖြင့် ထွေးကစားရင်
ဆူးပေါ်ဖက်ကျ ဖက်ပေါ်ဆူးကျ
မည်သူရှက်ရ အိုနှမ ။
++++++++
ညီမလေး ရေ
မပေါ်တပေါ် ရင်လွှာဖော်ကာ
ယိုသူမရှက် မြင်သူရှက်အောင်
ရာဂဖိတ်ခေါ် တဏှာစိတ်စော်လို့
ချော့မြူ မာန်ကြွ ဒီအလှနဲ့
အမှောင်ချောင်တွင်း သက်ခါဆင်းတော့
ကြွေကြမြေခ ချစ်နှမ ။
ညီမလေး ရေ
အသိကမှား သတိဝါးတော့
အထိများကာ ဗိုက်ပူရှေ့ထွက်
မျက်ရည်စက်နဲ့ အဖေမပေါ်
ကလေးတော်သို့ မည်သို့ပြောမယ်
စကားသွယ်ကို ထိုကလေးမှ
နားထောင်မည်လော ထောင်မည်လော ။
ညီမလေး ရေ
အများအမြင် ကာမထင်လို့
ချက်မှတစ်သွယ် စာပို့ကာရယ်
ဖုန်းဖြင့်တစ်မျိုး ဆေးတွေထိုးနဲ့
ယုတ်စွနောက်ဆုံး (...)ပုံပို့ကာ
ဈေးစကားဖြင့် ထွေးကစားရင်
ဆူးပေါ်ဖက်ကျ ဖက်ပေါ်ဆူးကျ
မည်သူရှက်ရ အိုနှမ ။
No comments:
Post a Comment