xxxxxxxxxxxxx

ဩော်
အလွယ်လေး အလွယ်လေးနဲ့
မောင် တို့တွေ
တစ်ကယ် ဝေးခဲ့ကြပြီပေါ့ သဲ ရေ ....
သဲ ရယ်
ရက်အချိန်ဆိုတာတွေလည်း
မသိချင်တော့ပါဘူး လေ
မောင့် ဘဝ ပြက္ခဒိန်ကိုက
အနားမှာမှ မရှိတော့ပဲ ....
ဖြေသိမ့်ပေမယ့်
ဝေဒနာတွေက နွေတစ်ရာလို ပူလောင်စဲပါပဲလေ
ရင်ထဲက အတိုင်း အစ ကို
မောင် ဘယ်လိုပင် နှိုင်းပြရမလဲ (လည်း)
တစ်ဖဝါးမခွာ ချစ်ခဲ့ကြပြီးမှ
ငါးစိမ်းမြင် ငါးကင် ပြစ်ရက်တာလား
ခဏတာ အထိ အတွေ့ မှားလို့
တစ်ဘဝစာ အသိတွေကိုတော့
မမှားစေချင်တာက မောင့် စေတနာပါ သဲ ရယ် ...
ခုများဆို
သဲ ကလေ အဖော်သစ်ရယ်နဲ့
လှော်ချစ်ကာ ထားခဲ့တော့လည်း
မျက်မာန်တော် မောင့် မရှပါပဲ
ရင်ကွဲနာ မျက်ရည်များဖြင့်
ဆုတောင်းကာ နူတ်ဆက်ခဲ့မယ်
သဲ ရေ
မင်းတို့ ချစ်ခရီး
အေးစေ မွှေးစေ ငြိမ်းစေ ကွယ် ။ ။
No comments:
Post a Comment