ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

မွန်မြတ် စိတ်ထား


မွန်မြတ် စိတ်ထား
×××××××××

သန့်စင် စိတ်ရင်း
ရင်ဝယ် ထွင်း၍

ထိုးဖောက် လမ်းသွင်
ဥာန်းတွေ မြင်လည်း
မလျော့ နှလုံး
ပီတိ သုံးကာ
သဒ္ဒါ စိတ်လွှမ်း
ရင်မှာ စမ်းမို့
တစ်ယောက် မရ
နှစ်ယောက် ရလေ
များဝေ နေနဲ့
ပေါင်းစု အင်အား
ညီညား ထားက
မြတ်သော အလှူ
ဝေမျှ ယူကာ
သေသော် မပါ
ဤ ခန္ဓာ ဖြင့်
ဘဝ နောက်ဆုံး
ထွက်ခြေ အုံးတော့
သာစွာ နိဗာန်
မြတ်စိတ် သန်ရင်း
လှူ ဖွယ် တန်းဖွယ်
အမယ်မယ် ကို
ရကြ ပါစေ
ဩော်
သူတို့ တွေလေ ။ ။

No comments:

Post a Comment