သဲ သိပါစေ မေတ္တာ ခြွေ
&&&&&&&&&&&&&&
အရှက်ပြေ မျက်ရည်စတွေနဲ့
မင်း မောင့် ကိုယ်
သက်သေတွေ မပြပါနဲ့တော့လား သဲ ရယ် ...
သစ္စာတွေ သွေဖီတိမ်းပါလို့
ခဏတာ သာယာခြင်းတွေနဲ့မှ
မင်း ကလေ စိတ်ပြောင်းလွယ်တဲ့
မိန်းမသားတစ်ယောက်ပါလား သဲ ရယ် ....
တစ်ဖြုတ်ဖြုတ် ကြွေသောအသည်းနဲ့မှ
ဘဝလက်တွဲဖော်အဖြစ် ရည်စူးသူမို့
ပြန်ဆက်မယ် အကြိမ်ကြိမ် ကြိုးစားရင်း
ပျက်ကြွေသော နှလုံးသားတစ်စုံနဲ့ မောင် က
အရှုံးသမား တစ်ယောက်တဲ့လား သဲ ရယ် ....
သဲ ရေ
အရှုံးသမား တစ်ယောက်ဆိုပေမယ့်
နှလုံးသားမှာ အမုန်းတရားတွေ မပွားတော့ပါဘူး
ဟစ်တလာ လိုလည်း စစ် မကြေငြာတော့ပါဘူး
နပိုလီယံ လိုလည်း စစ်တွေ မတိုက်တော့ပါဘူး
ဒဿ လိုလည်း အချစ်တွေ မကြီးတော့ပါဘူး
မောင့် ရင်မှာ အတိတ်ကို ပြန်တွေးရင်လည်း
သံယောဇဉ် ခြေရာ လက်ကျန်လေးတွေကြောင့်
အတုံအလှည့် ရှိက ကျေတော့ ပြေပေါ့ သဲ ရေ ...
သဲ ရေ
အရှုံးအမြတ်ကို အဆုံးအဖြတ်ကပေးရင်
သေခြာတာတစ်ခုက
နယူတန် ရဲ့ နိယာမ တွေသာ မှန်ကန်ခဲ့မယ်ဆိုရင်
ရှုံးဆုံးသူတစ်ယောက်က မောင် မဟုတ်ခဲ့ပါဘူးလေ
သဲ ရလိုက်တဲ့ ဆုံးရှုံးမှု့ အရာတစ်ခု က
သဲ အပေါ် အသက်တစ်မျှ ချစ်သော ချစ်သူတစ်ယောက်
မောင် ရလိုက်တဲ့ ဆုံးရှုံးမှု့ အရာတစ်ခု က
မောင့် အပေါ် မချစ်မြတ်နိုးသော
တန်ဖိုးမထားသော သစ္စာမရှိသော
မေတ္တာမေ့သော ချစ်သူတစ်ယောက်
ကဲ
ဘယ်သူပိုလို့ ရှုံးနှိမ့်ခဲ့ပါသလဲ အချစ်ရယ် ။ ။
အရှက်ပြေ မျက်ရည်စတွေနဲ့
မင်း မောင့် ကိုယ်
သက်သေတွေ မပြပါနဲ့တော့လား သဲ ရယ် ...
သစ္စာတွေ သွေဖီတိမ်းပါလို့
ခဏတာ သာယာခြင်းတွေနဲ့မှ
မင်း ကလေ စိတ်ပြောင်းလွယ်တဲ့
မိန်းမသားတစ်ယောက်ပါလား သဲ ရယ် ....
တစ်ဖြုတ်ဖြုတ် ကြွေသောအသည်းနဲ့မှ
ဘဝလက်တွဲဖော်အဖြစ် ရည်စူးသူမို့
ပြန်ဆက်မယ် အကြိမ်ကြိမ် ကြိုးစားရင်း
ပျက်ကြွေသော နှလုံးသားတစ်စုံနဲ့ မောင် က
အရှုံးသမား တစ်ယောက်တဲ့လား သဲ ရယ် ....
သဲ ရေ
အရှုံးသမား တစ်ယောက်ဆိုပေမယ့်
နှလုံးသားမှာ အမုန်းတရားတွေ မပွားတော့ပါဘူး
ဟစ်တလာ လိုလည်း စစ် မကြေငြာတော့ပါဘူး
နပိုလီယံ လိုလည်း စစ်တွေ မတိုက်တော့ပါဘူး
ဒဿ လိုလည်း အချစ်တွေ မကြီးတော့ပါဘူး
မောင့် ရင်မှာ အတိတ်ကို ပြန်တွေးရင်လည်း
သံယောဇဉ် ခြေရာ လက်ကျန်လေးတွေကြောင့်
အတုံအလှည့် ရှိက ကျေတော့ ပြေပေါ့ သဲ ရေ ...
သဲ ရေ
အရှုံးအမြတ်ကို အဆုံးအဖြတ်ကပေးရင်
သေခြာတာတစ်ခုက
နယူတန် ရဲ့ နိယာမ တွေသာ မှန်ကန်ခဲ့မယ်ဆိုရင်
ရှုံးဆုံးသူတစ်ယောက်က မောင် မဟုတ်ခဲ့ပါဘူးလေ
သဲ ရလိုက်တဲ့ ဆုံးရှုံးမှု့ အရာတစ်ခု က
သဲ အပေါ် အသက်တစ်မျှ ချစ်သော ချစ်သူတစ်ယောက်
မောင် ရလိုက်တဲ့ ဆုံးရှုံးမှု့ အရာတစ်ခု က
မောင့် အပေါ် မချစ်မြတ်နိုးသော
တန်ဖိုးမထားသော သစ္စာမရှိသော
မေတ္တာမေ့သော ချစ်သူတစ်ယောက်
ကဲ
ဘယ်သူပိုလို့ ရှုံးနှိမ့်ခဲ့ပါသလဲ အချစ်ရယ် ။ ။
No comments:
Post a Comment