ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 21, 2014

ကျေးဇူးပါ ညီမလေး

ကျေးဇူးပါ ညီမလေး
===========

ကျေးဇူး ညီမလေးရေ
နင်ပေးတဲ့ ဒဏ်ရာတစ်ချို့က
ကိုကို ရင်ဘက်တံတိုင်းမှာ
အိုအေစစ် မဖြစ်ခဲ့ရပဲ
ကန္တာရ ဖြစ်ခဲ့ရတယ် ။

ကျေးဇူး ညီမလေးရေ
နင်ပေးတဲ့ မေတ္တာတစ်ချို့
ကိုကို နှလုံးသားတစ်စုံမှာ
သစ္စာပန်း မဖြစ်ခဲ့ရပဲ
ခေါင်ရမ်းပန်း ဖြစ်ခဲ့ရတယ် ။

ကျေးဇူး ညီမလေးရေ
အယူအသိတွေ လွဲလို့
ကိုကို နဘေးမှာလေ
အတူမရှိတော့ဘူး ဆိုတဲ့
ရူးမိုက်မိုက် အတွေးကြောင့်
တောက် လို့
ကိုကို တစ်ချက် အခေါက်
လေ မတိုက် လူ မမှုတ် ရပါပဲ
မီးအိမ်က ဆီမီး ငြိမ်းသလား ။

စိတ်ချပါ ညီမလေး
ကျိတ်မှိတ်ကာ ဖြေရင်း
နင်ပေးတဲ့ အလွမ်းတွေကို
ကိုကို
ပန်းအကြွေ လမ်းမှာ မျှောလိုက်ပြီ
.
.
ဩော်
ကျေးဇူးပါ ညီမလေး ။ ။

No comments:

Post a Comment