
စိမ်းရက်လေသလား လှိုင်
&*&*&*&*&*&*&*&
အကြင်နာ စိမ့်စမ်းတွေရယ်
ရင်မှာလေ ချည်နှောင်တင်းတော့
သမုဒယ တွယ်ရစ်ပြီမို့
တစ်သက်တာ သည်ဘဝမှာ
ချစ်မေတ္တာ တံတိုင်းများဖြင့်
(အချစ်ရေ)
လှိုင် လို့ပဲခေါ်တော့မယ် ကွယ် .....
ကံကြမ္မာ မစဲတဲ့
ဟော ..... ဒီသံရာထဲကြမှ
ကုသိုလ်တွေ နည်းခဲ့လို့လား
အချစ်တွေပင် ကြီးခဲ့လို့လား
သူမ ဆိုတဲ့ လှိုင် ကို မှ
စိတ်ထဲမှာ တငင်ငင် တွယ်
ဩော်
ခက် ခက် လှတယ် ကွယ် .....
သံယောဇဉ် ဒီအမျှင်ကြိုးရယ်က
တိကနဲ့ပင် သူမပြတ်ရက်အားတော့
ကံကြမ္မာတွေ ဘယ်လိုခွဲပေမယ့်
ခန္ဓာရယ် မစဲလေသမျှဖြင့်
အတောင်မွဲ နဲ့ မောင့် ဘဝခရီးမှာ
သောကအချစ်တွေကတော့ ချိုမြိန်တုန်းပါပဲ ....
အမုန်းမရှိတဲ့ မောင့် အချစ်
အဆုံးမရှိတဲ့ မောင့် အဖြစ်ကို
တွယ်ငင်ကာ တိမ်းခွာယိမ်းပါလို့
ဩော်
နွယ်ပင်လို စိမ်းရက်လေသလား လှိုင်
ရင်လွှာခြားကာ မတွေ့နိင်သမျှတော့
အချစ်ရေ
......... မောင် တို့တွေ
တစ် နေ့ ထက် တစ် နေ့ ဝေး ။ ။