ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, September 24, 2014

မန်းရွှေသူ သို့


မန်းရွှေသူ သို့
+++++++++

မန်းရွှေသူ လှလှလေးဆီသို့
ကျွမ်းကာဆွေ လင်္ကာတေးရယ်နဲ့
လွမ်းဗျာပွေ ငြိမ်းစေတော့ရယ်လို့
မနှေးအမြန် အပြေးပြန်လာပါ့မယ်
ချစ်တဲ့သူရေ မျှော်လှည့်ကွယ် ။

ဩော်
ကျူပ်ချစ်သူ ယဉ်လှပုံက
ကမ္ဘာမှာ မြန်မာသိစေတော့လို့
ပိတုန်းရောင် ကေသာဖျားနဲ့
အချိတ်ထမိန် ပုံတော်ဖိနပ်ဖြင့်
အဝါမှာ ခရမ်းရောင် သန်းမလား
ပဝါတွင် ဖဲအဆင် ဆန်းမလား
သူကလေ ထာဝစဉ် ပိုးဆင်မြန်းတော့
အို ..... လွမ်းလိုက်တာ ကွယ် ။

အဝေးနေ အနေဝေးသူက
အဆွေးတွေ မပြေဘုရယ်လို့
ပြည်တော်ပြန် ဒီတစ်ခေါက်မှာဖြင့်
တူပြိုင်ကာ နှစ်ယောက်တွဲပါလို့
မေတ္တာမှန် ဂဟေဆက်ပွဲကိုတဲ့
မြန်းညီညီ တို့အတူနွှဲမယ်
ချစ်တဲ့သူရယ် ပျော်တော့ကွယ် ။ ။