ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ညီ များ ညီ ခဲ့ ရင်

ညီ များ ညီ ခဲ့ ရင် 
+++++++++


အကောင်းမမြင် အမြင်မကောင်းမှတော့

ဒါတွေပြောရင် ဒေါတွေပါလို့
ကျုပ်ကိုလေ လာဆဲကြအုံးမယ် ....

အသိတွေ မှားခဲ့ကြလို့များ
အမြင်တွေ ဝါးခဲ့ကြလေသလား
အောင်ဆန်းသွေးမို့ ရဲရဲနီပါလျှက်
ကုလားအရေးမှာ စကားမပြောလို့
သင်းတို့တွေ အချစ်ရော့ခဲ့လေတော့
ခွပ်ဒေါင်းသခင်ကိုမှ မွတ်ဒေါင်းရယ်လို
ခင်ဗျားတို့တွေ မြင်ရက်လေခြင်းပေါ့ ....

နှစ်၆၀ ဘုရင်ဆိုးအောက်မှာမှ
တိုင်းပြည်ရယ် ဆင်းရဲပါလို့
စိတ်ဓါတ်တွေလည်း ဆင်းရဲခဲ့ကြတယ်
အကျင့်တွေ ပျက်ပါလို့ ဘယ်သူသေသေ
ငတေမာပြီးရောဆိုသူတွေကလည်း ဒု နဲ့ ဒေး
မွတ်မဖြစ်ခင် နောက်ထားပါလို့
အကြောက်တရား နည်းစွာနဲ့
၂နှစ်လောက်တော့ ယုံကြည်ပေးပါလို့လည်း
မပြော ... မပြောရဲတော့ပါဘူးလေ ....

အမြင်မှိုင်းတွေ တိုက်လေသမျှ
အသိရိုင်းတွေ စိတ်မှာကပ်နေရင်တော့
ကျုပ်ပြောရင် ကျူပ်ပဲမောမှာပေါ့လေ
ဘာသာတူ ကိုယ်လူမျိုးရယ်လို့
သင်းတို့တွေ ညှာတာခဲ့ဖူးလေသလား
ကိုယ်သာသနာ ကိုယ်ပြန်ဖျက်
ကိုယ်အမျိုးကို ကိုယ်ပြမြို
မသူတော်တွေ ကြားမှာမှ
သူတို့တွေက စူပါစတားပါဗျာ ....

ယိုသူမရှက် မြင်သူရှက်ပေမယ့်
အရှက်တရားကို ရင်မှာမြုံ
အာဏာကို အရည်ခြုံတော့
သိမ်းလိုက်တဲ့ ယာမြေတွေ
ဖြိုလိုက်တဲ့ တောင်ကြီးတွေ
ကောလိုက်တဲ့ မြစ်ကြီးတွေ
လုလိုက်တဲ့ ကျောင်းကြီးတွေ
သတ်လိုက်တဲ့ အပြစ်မဲ့သူတွေ
အိုးပြစ်ရယ် အိမ်ပြစ်တွေနဲ့
ကျွန်ခံ နေကြရသူတွေကလည်း
တိုင်းတစ်ပါးမှာက အများသား
မျက်စိကိုဖွင့် နားကိုစွင့်လို့
နှလုံးသားနဲ့ ဖတ်ကြည့်ကြစမ်းပါ
စုံလုံးတွေ မကမ်းကြပါနဲ့တော့ဗျာ
မျိုးချစ်နဲ့ ခွပ်ဒေါင်းတွေကသာ
အတွဲညီ ပွဲစည်လိုက်ရင်တော့လား
ဖွတ်ဆိုတဲ့ ဘုရင်ဆိုးတွေကို
အမြစ်ပါမချန် မြေလှန်ထုတ်လို့
မဝေးတော့တဲ့ ရွှေပြည်ကြီးရယ်က
ကျုပ်တို့ ကျုပ်တို့ ကျုပ်တို့
အားလုံးရဲ့ လက်ထဲမှာပေါ့ကွယ် ။ ။

No comments:

Post a Comment