ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ဝါဆိုဦးမို့ ဆုပန်မယ်




ဝါဆိုဦးမို့ ဆုပန်မယ်

~~~~~~~~~~

ခူးချင်စမ်းပါဘိ
လရာသီ ဝါဆိုဦးပြီမို့
စုံနံ့သာ ဘယ်ညာလူးကာပ
လောင်းလှေငယ် အစုံစုံတို့နဲ့
ပွင့်ဖူးကို ဆွတ်ကုန်ကြမယ်လို့
တံတျာသံ တစ်ဆာဆာတွေဖြင့်
တူပြိုင်ပြိုင် ခူးကြစို့လား &&&

အသွင်ဆန်းပါဘိ
ရေပြာပြာ အညွှန့်ဖူးက
ဝေဝေဆာ ပင့်လေအဖျူးတွင်ဖြင့်
စီစီညာ ဝါဆိုပန်းငယ်တို့
ယိမ်းနွဲ့ကာ ဘယ်ညာလူးလေတော့
သူတို့တွေ ကနေသလားရယ်လို့
စိတ်ထဲဝယ် မြင်ယောင်မှန်းတယ်
ကဲ တွေးကြည့်ကြ စမ်း !!!

ရွာထိပ်မှာ ထုံးဖြူဖွေးရယ်က
များရှင်လူ ကောင်းမှု့တွေနဲ့
ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့
သာသနာကို တင့်လန်းအောင်ပ
ဝါဆိုရယ် သည်ပန်းတွေနဲ့ 
စိတ်မှာတွယ် ရည်ရွယ်တော့သလား 
ကပ်ကြမယ် စေတီဦးမှာဖြင့်
ခင် နဲ့ မောင်
နောင်မဝေးဖို့အရေး ပန်းကပ်စို့လေး ။ ။

No comments:

Post a Comment