
သား မ တွေး ရဲ ဘူး
!<><><><><>!
ဘာသာရေး မှိုင်းတိုက်မှု့တွေကြောင့်
အမြင်တွေဝါး အသိတွေမှားရင်း
လူမျိုးအချင်းချင်း မပြောပါနဲ့တော့
တို့လူမျိုး အရင်းကြီးတွေတောင်မှ
စိတ်ဝမ်းတွေ ကွဲခဲ့ကြရပြီမို့
တို့ပြည်သူ သန်း၆၀ကျော်ဟာ
ခင်ဗျားတို့ ရဲ့
မြေဇာပင် မြက် တွေဖြစ်ခဲ့လေသလား ?
မတည်ငြိမ်သေးသော အမှောင်ပြည်ရဲ့
အန္တာရယ်ခြားမှ ကံကြမ္မာတွေက
ရှင်သန်လာမယ့် အနာဂတ်ခရီးမှာ
ခင်ဗျားတို့ ရဲ့
စတေးခံ နယ်ရုပ်တွေ ဖြစ်နေအုံးမလား ?
ငွေများ ငွေနိင် ကာ တရားခံပျောက်လို့
ပါးစပ်အောက်မှာ ဥပဒေရှိမှု့တွေကြောင့်
အာဏာရာသီ လေပင့်အားတွေနဲ့အတူ
အမှိုက်ကအစ ပြဿဒ်မီးလောင်းရင်း
ဝါးမျိုလိုက်တဲ့ အရှိန်တွေထဲမှာ
စိတ်ဓါတ်တွေ ယိုင်လဲနူံးချိကာ
ခင်ဗျားတို့ ရဲ့
သွေးခွဲမှု့ကို ထပ်ပြီး ခံနေရအုံးမလား ?
ကျိုးကြေကာ လောင်ကျွမ်းမှု့တွေကြောင့်
ဖခင်ဗိုလ်ချူပ် ပြောခဲ့သလိုများ
တို့လူမျိုးတွေ မစည်းလုံးခဲ့ရင်
ထပ်ခါ ထပ်ခါ သူ့ကျွန်နစ်ရင်း
ကုန်းကောက်စရာ မရှိတော့လောက်အောင်
တက်တက်စင် ပြောင်မွဲနေတဲ့ နိင်ငံမှာ
သားတို့ သားတို့ ရဲ့ အနာဂတ်နဲ့အတူ
နောက် ဖူးပွင့် ဝေဆာ လာအုံးမယ့်
မျိုးဆက်သစ် ရတနာ အညွှန့်အငုံတွေက
အလင်းရောင်တွေ ဆိတ်သုန်းလို့
မှောင်အတိပင် ကျသွားခဲ့လေမလား ...
ဟအင်း ..
သား မတွေး မတွေးရဲဘူး
ဒါ အိမ်မက်တွေပဲ ဖြစ်ပါရစေလား မေမေ ရယ် ။ ။
No comments:
Post a Comment