
နားတော့ မာယာ
++++++++
ဒီမယ် ဒီမယ်
မ အဝှာ ရဲ့ ...
မပေါ်တစ်ပေါ်ရယ် မလုံ့တလုံနဲ့
ခန္ဓာမှာ ဝတ်စလစ်တွေဖြင့်
ကျုပ်ကိုယ်လေ မမြှူ စွယ်ပါနဲ့လား
ထန်ညက်ခဲလေး ပြပြီး မြှူ ရအောင်လည်း
ခွေးတစ်ကောင် မဟုတ်ခဲ့ဘူးလေ
ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လို့
ခင်ဗျားက ပြောရအောင်လည်း
ကျီးမိုက်တစ်ကောင် မဟုတ်ခဲ့ဘူးလေ
အိုင်တွေးတိုင်း ခြေဆေးရအောင်လည်း
အချစ်စစ်တွေက ဈေးမပေါဘူးလေ
ခင်ဗျားအချစ် ခင်ဗျားမာယာတွေ ပေါနေရင်
ညအမှောင်မှာ ညငှက်တွေလို ပျော်ပါးလိုက်စမ်း
အခွန်လွတ်ဈေးမှာ ရောင်းကုန်တစ်ခုလို့
တစ်ရာဖိုးသုံးယောက်ပါလို့ အော်ပြစ်လိုက်စမ်း
စိတ်ချ
ကျူပ်ကတော့ ရုံခါနေပြီ
ပွဲလန့်တုန်း ဖျားလာမခင်းနဲ့
ဝေးဝေးမှာသွားလို့ စိတ်ကြိုက်သာ
ဖော် ချွတ် မြှူစွယ် လိုက်တော့ မိ မာယာရေ ။ ။
No comments:
Post a Comment