
သူမ (ခ) အမိုက်မကြီး
~~~~~~~~~~~~
ရာဇဝင်မှာ စာတင်ပါလို့
ရိုင်းလိုက်တဲ့ အမိုက်မကြီး
ဖခင်သွေးတစ်စက်မှ မရှိတဲ့ သူမ
ဘုရားတရားမသိလို့ မရိုသေတဲ့ သူမ
သန်း၆၀ကျော်ကို သွေးခွဲနေတဲ့ သူမ
မွတ်တွေကို ခေါ်သွင်းခဲ့တဲ့ သူမ
တရုတ်ကို အဖေခေါ်တဲ့ သူမ
ပညာမွဲလို့ အသိနည်းတဲ့ သူမ
လယ် မြေ ကျောင်း သိမ် တော တောင်
မြစ် နဲ့ ဘုရားပါ ဖျက်တဲ့ သူမ
ကျောင်းသားတွေ သတ်ခဲ့တဲ့ သူမ
သံဃာတွေ သတ်ခဲ့တဲ့ သူမ
ဗလီတွေဆောက်ခိုင်းခဲ့တဲ့ သူမ
White card တွေထုတ်ပေးတဲ့ သူမ
ပဋိပက္ခတွေဖန်တီးနေတဲ့ သူမ
အမေကျော်ဒွေးတော်လွန်းတဲ့ သူမ
ပွင့်လင်းမြင်သာမူ့မရှိတဲ့ သူမ
အာဏာရူး ဘဝင်ရူးတဲ့ သူမ
အမျိုးမချစ်ပဲ အမျိုးယုတ်တဲ့ သူမ
စကားကို လွယ်လွယ်ပြောတတ်တဲ့ သူမ
အရာအားလုံးကို ကြံစည်နေတဲ့ သူမ
အို သူမ မှ သူမ အမိုက်မကြီးပေါ့
သြော်
ခက်ပါသကောလား အမေရယ်
၆၉နှစ်တောင် စွန်းခဲ့ပါလို့
နေဝင်ချိန်တောင် နီးခဲ့ပြီလေ
အားရယ်မလျော့ခဲ့ပါပဲ အမေ က
ဘယ့်အတွက် ထပ်ပေးစပ်နေသလဲ
သားကိုလည်းမခင် လင်ကိုလည်းမမင်ပဲ
တိုင်းပြည်ကို ကောင်းစားစေခြင်တဲ့ အမေ့ကိုမှ
ဘာလို့ ဘာလို့ အပြစ်တွေ တင်ရက်လေသလဲ
တွေးတွေးပြီး သနားတော့ သနားမိသား
အမျိုးကို အရမ်းချစ်တဲ့ သူတို့တွေနဲ့
ဗုဒ္ဓဘာသာ စစ်စစ်ကြီးတွေက
မသိချင်ယောင်ဆောင်တာကြတော့ တော်သား
ဒေါသဖုံးလို့ တဒင်္ဂ ပါးစပ်က ဆဲမိပေမယ့်
လက်ကရေးပြီး ပြောရင် စိတ်ထဲကလေ
ဖင်ပိတ်ပြီး မငြင်းကြပါနဲ့လား
ဗုဒ္ဓဘာသာလို့ မပြောကြပါနဲ့လား
ကိုယ့်အမေအရွယ်ကို ဆဲတာ ရိုင်းတာ
ဘုရားဟောတဲ့ တရားထဲ ရှာမတွေ့သေးဘူး
အမြင်မှိုင်းလို့ ဘဝင်ရိုင်းသူရယ်
ဘေးထိုင် ဘုပြောနေတဲ့ သူရဲကောင်းတွေရယ်
ဆန်ကောလောက်မှ ဇောက်မနက်သူတွေရယ်က
တန်ဖိုးဆိုတဲ့ အဓိပ္ပယ်ကို မသိနားမလည်သမျှတော့
လွပ်လပ်ခြင်း အလင်းရောင်ရဲ့ အရသာကို
မမြင်မတွေ့ရပဲ ငတ်မွတ်နေအုံးမယ်ထင်ပါရဲ့
တော်လိုက်ပါတော့လား ရပ်လိုက်ပါတော့လား
ပြစ်ပြစ် ခွာခွာ သွားလိုက်ပါတော့လား
အမလေး --- အမိုက်မကြီး ရဲ့
ဘယ်နိင်ငံ ဘယ်နေရာ သွားသွား
တန်ဖိုးဆိုတာ သိနေသူတွေ ရှိနေသမျှ
လိုတိုင်းတ ရနိင်သားရဲ့နဲ့ များ
ကုန်းကောက်စရာ မရှိတဲ့ နိင်ငံကိုမှ
အမေ
ချစ်ရလေသလား
နစ်ရလေသလား
မတန် မတန် လိုက်တာ အမေ ရယ် ။ ။
No comments:
Post a Comment