
ဘယ်တော့မှ မသေဘူး
-------------------------
မဖြေသာ တေးကဗျာတစ်ပုဒ်နဲ့
ဝေဒနာတွေ ကြေငြာပါရစေအုံးလား
ရက် ကို လ တွေစားသလို့
လ ကိုပင် နှစ် တွေစားခဲ့ရင်း
ပြက္ခဒိန် ဆိုတာ ရှိနေလည်း
ရက်အချိန်ဆိုတာကို သိနေစဲ
ဇူလိုင်မိုးတွေ ရွာနေစဲ
လွမ်းစွတ် သတိရနေစဲ
အလေးတွေ ပြုနေကြစဲ
ဝေလည်းမွှေး ကြွေလည်းမွှေးကာ
တမ်းအောက်မေ့ ရင်မှာနင်
နာကျင်ရစဲပါပဲလား ဗျာ ...
အမျိုးမှန် အဖိုးတန်သော
လူချွန်လူကောင်း လေးတွေရှိသလို
အမျိုးယုတ် အဖိုးစုတ်တဲ့
ဖက်ခွက်စား လေးတွေလည်း
တော်တော်များများ ရှိနေသေးပါလား ....
ကလောင်တိုင်ကိုင်သော လက်ပိုင်ရှင်
ဒီးဒုတ်ဦးဘချို မသေသေးဘူး
ဆေးမှင်ကြောင် ထိုးခဲ့တာကိုမှ
ရှက်တယ်ဆိုသော မိုင်းဘွန်စော်ဘွားကြီး
စပ်စံထွန်း မသေသေးဘူး
ကျည် ၈ချက်နဲ့ အသက်ပေးသွားသော
ဦးဘဝင်း မသေသေးဘူး
စီမံကိန်း စာရွက်ကြီးတွေနဲ့
သွေးအိုင်ထဲက ဦးအုန်းမောင် မသေသေးဘူး
ဗိုလ်ချုပ်နဲ့ သခင်မြကိုသာ အရင်ကြည့်ပါပြောတဲ့
မွတ်စလင်ကြီး ဦးရာဇာတ် မသေသေးဘူး
တိုင်းတစ်ပါးထက် ဗမာလက်အောက်မှာ
ကျွန်ဖြစ်ရတာ သာသေးပါတယ်ဆိုတဲ့
ဖထီးကြီး မန်းဘခိုင် မသေသေးဘူး
မသွားပါနဲ့လားဆိုတာကို တချက်ပြုံးရင်း
ဗိုလ်ချူပ်စောင့်နေလိမ့်လို့  ပြောကာ
တစ်သက်တာထာဝရ နူတ်ဆက်သွားသော
သခင်မြ မသေသေးဘူး
အသက်ပင် ငယ်ပေမယ့် ကျရာနေရာကပြီး
တာဝန်ကျေပွန်ခဲ့သော လူငယ်လေးတစ်ယောက်
မွတ်စလင်လူမျိုး ကိုထွေး မသေသေးဘူး
ပဲပြုတ်နဲ့ နံပြားကိုမှ စားချင်တဲ့သူ
တစ်မျိုးသားလုံး သူ့အရေးလို့ သတ်မှတ်သူ
အမေကိုချစ်ပေမယ့် တိုင်းပြည်အရေးကြောင့်
တိတ်တိတ်ကလေး ကြိတ်ငိုတတ်သောသူ
စာရိတ္တ ဘယ်သူမှ မယှဉ်ဝံ့တဲ့သူ
ချစ်တာတောင် ဖွင့်မပြောရဲတဲ့သူ
အသက်နဲ့ ဘဝကို စတေးလို့
ပြန်ရလိုက်တဲ့ ကျည်၁၃ ချက်နဲ့
လောကကြီးကို နူတ်ဆက်သွားတဲ့သူ
ဗိုလ်ချူပ်အောင်ဆန်း မသေသေးဘူး
ကဲ ဖျောက်စမ်းဗျာ သမိုင်းတွေ
ကျုပ်တို့ အသွေးအသားထဲမှာတော့
သေအထိ ရှိနေမယ်ဆိုတာ ယုံထား ။ ။
No comments:
Post a Comment