ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ကျွန်တော်ချစ်မိ အပြစ်ရှိ၏



ကျွန်တော်ချစ်မိ အပြစ်ရှိ၏ 
/////////////\\\\\\\\\\\

နှလုံးသားဝယ်
မုန်းတရားမကြွယ်ပဲ
ရင်ဝယ်စွဲနစ် အရမ်းချစ်မို့
ကျွန်တော်ချစ်မိ အပြစ်ရှိ၏ .....

တွယ်တာဖွဲ့မွန်
ချစ်စိတ်လွန်လို့
ကျွန်တော်ချစ်မိ အပြစ်ရှိ၏ ....

သစ္စာမေတ္တာ ထိုအရာက
ဖယ်ခွာခက်ခဲ ရှောင်နိင်လွဲ၍
ဝဋ်ရှိသမျှ ခုဘဝဝယ်
ချစ်မိလေတိုင်း မျက်ရည်ဝိုင်းတော့
ကျွန်တော်ချစ်မိ အပြစ်ရှိ၏ ....

ဒဏ်ရာများစွာ နာများစွာနှင့်
ဖြေသိမ့်ခက်ခဲ ကုသဆဲနဲ့
ခဲလေသမျှ သည်းကြွေကျမှ
ဩော်
ကျွန်တော်ချစ်မိ အပြစ်ရှိ၏ ။ ။

No comments:

Post a Comment