ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ဒုတိယ အမေ သို့


ဒုတိယ အမေ သို့

_/\_ _/\_ _/\_

ရာဇဝင်မှာ 
သား စာမတင်ရဲပါဘူး အမေ ...

ဂုဏ်သတင်းက မွှေး
အမြင်လည်းအေး မို့
မြန်မာပြည်ရဲ့ ရာဇဝင်မပြောနဲ့
ကမ္ဘာမှာတောင် ပြိုင်စံရှား
မြန်မာမှု့ကို မြတ်နိုးတဲ့ မိန်းမသားပါ အမေ ...

လူကိုယ်လူချင်းတန်ဖိုးထားတာလည်း အမေ
အဖေ့သွေးတွေ ပါခဲ့တာလည်း အမေ
လင်ကွဲသားကွဲဖြစ်ခဲ့တာလည်း အမေ
တိုင်းပြည်ကနှင်အထုတ်ခံရတာလည်း အမေ
ပြည်သူတွေအတွက် ဘဝကိုစတေးခဲ့တာလည်း အမေ
သူတို့တွေ ကြောက်ကြတာလည်း အမေ

အာဏာကို ဖတ်တွယ်ပြုလို့ အမေ့ဘဝကို
သူတို့တွေ အကြိမ်ကြိမ် သတ်ခဲ့ပေမယ့်
ဝေရင်လည်းမွှေး ကြွေရင်လည်းမွှေးတဲ့
ခရေပန်းလို အေးတာကလည်း အမေပါပဲ
အားမတန် မာန်ကိုခဲလို့ လောကဓံကို စိန်ခေါ်
သူ့ကျွန်ဘဝက ပြည်သူတွေလွတ်မြောက်အောင်
ဗေဒါလို အံကိုတင်းတာလည်း အမေပါပဲ

ပြည်သူတွေ အသည်းခြားက
မဲပြားတွေ အပြည့်အဝရခဲ့ပေမယ့်
ယုတ်မာသူ သခင်ဆိုးတွေကြောင့်
ဖြစ်စေချင်တာတွေ ဖြစ်မလာသေးတာမို့
ဒေါင်း ဆိုတာကို အသက်သွင်း
ဘဝဆိုတာကို ပြည်သူတွေအတွက်ရင်းကာ
၆၉.. အထိ အမေအားမလျော့သေးဘူးနော်

အိုဝေး အိုဝေး ဆိုတဲ့ ဒေါင်းတွန်သံနဲ့အတူ
မြန်မာပြည် တစ်ခွင်လုံးမှာလည်း သားတို့တွေ
ဒေါင်းအလံတွေ စိုက်ထူးချင်သေးတယ် အမေ
ဘယ်သူတွေ ဘာပဲပြောပြော ဘယ်လိုပဲမြင်မြင်
အမေ့နောက်မှာ အမေချစ်သားတွေနဲ့အတူ
သန်း၆၀မဟုတ်ခဲ့ရင်တောင် သန်း၅၀ရှိတယ် အမေ

အသိတွေရှိတယ် အမေ အမြင်တွေရှိတယ် အမေ
မှိုင်းတိုက်ပေမယ့် သားတို့ ယိုင်နဲ့မသွားခဲ့ဘူး အမေ
အမေ အားမလျော့ပါနဲ့အုံးနော်
လွပ်လပ်ပြီး မလွပ်လပ်သေးတဲ့ 
အမေချစ်သော ပြည်သူတွေကို
ရှေ့ဆောင်ကာ အလင်းတွေပေးခဲ့ပါအုံး

ဩော် 
ဒီနေ့ အမေ့ မွေးနေ့နော်
အမေ ကျန်းမာပါစေ အမေ ချမ်းသာပါစေ
အမေ အသက်ရာကျော်ရှည်ပါစေ 
အမေ ဖြစ်စေချင်သော ဆန္ဒတွေ ပြည့်ဝပါစေ
ဂါရဝတရား ရင်မှာထားရင်း ဦးချလျှက်ပါ အမေ ....

No comments:

Post a Comment