ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

လွမ်းလို့ မကျန် နဲ့

လွမ်းလို့ မကျန် နဲ့
!!!!!!!!!!!!!!!!!!!!!

ဖွင့်မပြောပေမယ့်
သိပ်ချစ်တာတော့

သိခဲ့လား ခင် ...

မမျှော်ရဲပေမယ့်
တစ်နေ့ ထားခဲ့မှာလည်း
သိခဲ့တယ် ခင် ...

မအို အချစ်နဲ့
တိတ်တခိုးရယ် အဖြစ်တွေမို့
ဘဝရဲ့ ပြက္ခဒိန်တိုင်းမှာ
သစ်ဆဲပေါ့ ခင် ...

တစ်ခါတုန်းဆီက
ဒဏ္ဍာရီ အိမ်မက်တစ်ခုလို့
ခင် ကလေ မောင့်အချစ်ကို
လှောင်ရက်လေသလား ....

ရင်ကွဲနာ ဒဏ်ရာစတွေနဲ့
မုန်းလျက်ခွာ ထာဝရမေ့စေတော့ရယ်လို့
မတွေ့သာအောင် မောင် ရှောင်တိမ်းမှ
ရင်ထဲမှာ အချစ်စူးဆူးကာ
အချစ်ရယ်
လွမ်းလို့ မကျန် နဲ့ ။ ။


No comments:

Post a Comment