
ငါ့ ချစ်သူ သို့
======
ငါ နင့်ကိုယ်
ဂရုမစိုက်ချင်တော့ဘူး ချစ်သူ
အချိန်မှန်မှန်စားပါဆို စားမှ
အချိန်မှန်မှန်အိပ်ပါဆို အိပ်မှ
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဆို စိုက်မှ
အနေတွေဝေးလို့ လူကိုယ်တိုင်
ဂရုမစိုက်နိင်ပေမယ့်
နူတ်မူယာ စာစကားလုံးတွေနဲ့
ငါ အကြိမ်ကြိမ် ပြောခဲ့ပေမယ့်
သဲ ထဲ ရေသွန်သလိုပါပဲ ဟာ
နင့် စီးတဲ့ ဖိနပ်တစ်ရံလောက်တောင်
ငါ့ ဂရုစိုက်မူ့ မြတ်နိုးမူ့တွေက
တန်ဖိုးပင် မဲ့လေလျော့သလား
နှလုံးသားချင်း မနီးကြရင်တော့
ငါ တို့ တွေ
ဝေးကြရအုံးမယ် ထင်ပါရဲ့
ငါ့ စကားနားမထောင်တဲ့ ငါ့ ချစ်သူ ။ ။
No comments:
Post a Comment