ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ချစ်အားငယ်ရသူ

ချစ်အားငယ်ရသူ
+++++++++

သူများတွေ က
ချစ်သူအတွက် ကဗျာလေးတွေရေးပြီး 
Wath ကြ Tag ကြတာတွေမြင်တော့
ကျွန်တော်လည်း အားတော့ အကျသား

ဒါပေမယ့်
သံယောဇဉ်တွေ
အရမ်းကြီးသူ တစ်ယောက်အတွက်
အချစ်ဆိုသော ခက်ဆစ်ကြီးက
တစ်ခန်းတစ်နားနဲ့ ကစားပြသွားလေတော့
ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို

အကွဲတွေ အလွဲတွေ မြင်တိုင်း တွေ့တိုင်း
ချစ်အားငယ်ရသူ တစ်ယောက်လိုပါပဲလား ကွယ် ။ ။



No comments:

Post a Comment