ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

မှားလိမ့် မယ်

မှားလိမ့် မယ်
=======


ခေါင်းဆယ်လုံးပါခဲ့လို့များ
မျက်နှာ များသတဲ့လား ...

အတိတ်ကြောင်းတွေကိုမှ
ဩော်
ပြန်ပြောင်းကာ တွေ့ကြည့်စမ်းတော့ ...

စာအမြင်များနဲ့ ပဏ္ဍာတင်ကာ
ပြောခဲ့ကြပေမယ့် ရာဇဝင်မှာ
ငါ တစ်ယောက်သာ ဘုရင်ဟေ့ရယ်လို့
ကြွေးကြော်ကာ ပြောခဲ့ပေမယ့်
မင်းရှေ့မှ ဒူးထောက် ရူးလောက်အောင်
အချစ်ကြီး ချစ်ခဲ့မိတာက
မင်းဒဿ ရယ်ပါလေ ...

အချစ်ကြီးချစ်လို့ အရှုံးကြီးရှုံးခဲ့ပေမယ့်
ငါ့ မေတ္တာ နဲ့ ငါ့ သစ္စာချစ်ခြင်းတွေကို
မင်း ဘယ်တော့မှ မစော်ကားပါနဲ့လား
တစ်သက်မှာ တစ်ကြိမ်တစ်ခါသာသီးသော
ပေသီးလို အချစ်မျိုးနဲ့ ချစ်သူကိုမှ
မျက်နှာများတယ် ဆိုရင်တော့ .....

No comments:

Post a Comment