ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 14, 2014

ဇမ္ဗူမှာပြိုင်စံရှား သူလိုလူသား

ဇမ္ဗူမှာပြိုင်စံရှား သူလိုလူသား
@@@@@@@@@@@@


အသက်မှာ ငယ်ပေမယ့်သော်ညား
ဘာမထီ ဇာနည်သွေးပေမို့
တို့တိုင်းပြည်ရဲ့ စံပြလူသား ~

သူ့ကျွန်မှ လွတ်စေတော့ရယ်လို့
အဖွဲ့ဝင် ရဲသုံးကျိပ်ရယ်နဲ့
ဂျပန်မှာ စစ်ပညာသင်ပြီး
အောင်ပန်းတွေ ယူကာပေးရင်းလေ
အကြွေစောရှာတဲ့ ထိုလူသား ~

ကြမ္မာငယ် ဇူလိုင်လမှာမှ
ပြည်သူတွေ မျက်ရယ်ညိုးမှာမို့
လက်နက်တွေ ထုတ်တာသိသော်လည်း
သူလိုလူ သေအောင်သတ်မယ်လို့
အပေါင်းပါ ဂဋုန်စောရယ်နဲ့
မညှာတာ ဇာတာညိုးရှာတော့
သူမှာကွယ် ၁၃ချက်ရယ်ဖြင့်
အသေဆိုးခဲ့ ပြည်ချစ်လူသား ~

သောကဆူ ဇူလိုင်၁၉မှာဖြင့်
ယုတ်မာပုံ ကမ်းကုန်ကြပုံက
ကျူပ်မှာနော် မဖြေနိင်ဘုရယ်လို့
စာဆိုရှင် သခင်မိုင်းရယ်က
ငိုခြင်းရှည် ကဗျာများစွာနဲ့
ဒေါင်းလံပုဝါ အသာအုပ်ရင်း
သင်္ဂြီုလ်ချင် စမ်းပါဘိရယ်လို့
မျက်ရည်များဖြင့် ငြီးခဲ့ချစ်သား ~

ခုများမယ်
အာဏာရှင် တဏှာရူးတွေက
မိုင်းတိုက်ကာ သမိုင်းဖျောက်ပါလို့
သင်ရိုးစုံ စာသင်ခန်းမှအစ
ပိုက်ဆံတွင် မမြင်ရတော့ပါဘု

သြော်
သင်းတို့တွေ ရိုင်းစိုင်းကြပုံက
သမိုင်းဝင် အာဇာနည်နေ့တောင်
ကာဟွန်းပင် မတီးရဘူးပေါ့

သူ့မှာလေ ဂုဏ်မြင့်မားပေမယ့်
ခင်ဗျားတို့လို့
အဆောင်ရယ် ကြငှန်းတွေနဲ့
မနေခဲ့ရသူ လူတစ်ယောက်ကိုမှ
ကျူပ်တို့တွေ သတိတရရှိပုံက
သူ့ စိတ်မှာ အလွန်ယဉ်လို့
သူ့ ဥာဉ်မှာ အလွန်သန့်တယ်
ဤလိုလူ ပြိုင်စံရှားကိုမှ
ဦးခေါင်းတွေ အခါခါညွှတ်မယ်
လူပင်သေ နာမည်မသေတဲ့
ဗိုလ်ချူပ်နဲ့ အာဇာနည်အများ
တို့တတွေ အလေးပြုစို့ လား ။ ။

No comments:

Post a Comment