
နှောင်း ကံ က နည်း
&&&&&&&&&&&
အကြောင်းကံရယ် မလှလို့များ
ပေါင်းရန်ပင် ဘဝတွေက
မပါခဲ့ကြ လေသလားကွယ် ....
ခင် ကြိုက်တဲ့ ခရေ ဆီ
ပြေးခါကွယ် မောင် သီကုံးလို့
ရှင်းသန့်ဖွယ် ဆံနွယ်ဘေးမှာပ
ပန်းပေးမယ် စိတ်မှာကူးရင်း
အပျော်တွေနဲ့ လှမ်းခဲ့တယ် ....
ပန်းစေချင် ခရေကုံး ကိုင်လို့
မရောက်ခင် ခလုပ်တိုက်ပါတော့
ခြေမပင် သွေးရှင်တွေကထွက်ခဲ့တယ်
မောင် မမှုပါ အချစ်ဇောနဲ့မို့
နာပါစေ ဝေဒနာစိတ်မှာဖြေရင်း
အပြေးကလေးပင် လာမိတယ် ....
တစ်ထောက်စာ နောက်ကျတယ်
ခဏလေး ဆိုပေမယ့်လို့
ခင့် ခေါင်းဝယ် သဇင်ခက်တွေနဲ့
ပြုံးလို့ပျော် ခွန်းချိုဖွဲ့လေသမျှ
နောင်များဆို တစ်သက်တာဝေးကြမှာမို့
မောင် လိုလူ ချစ်ရှုံးသမားကို
ကျိန်စာသာ တိုက်ခဲ့ပါတော့
ဩော် ....
(အချစ်ရယ်)
နှောင်း ကံ က နည်း ။ ။
No comments:
Post a Comment