ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

အပျော်ချစ်ဆို

အပျော်ချစ်ဆို
=======

ချစ်ခဲ့ဖူးတာပေါ့
........................... ငါ့ ရင်ဘက်ထဲက 
အိုအေစစ်လို နှလုံးသားကြီးနဲ့

ထားခဲ့ဖူးတာပေါ့
............................. ငါ့ နှလုံးသာထဲက
မပြောင်းလဲသော သစ္စာတွေနဲ့

ပေးခဲ့ဖူးတာပေါ့
........................... ငါ့ ခန္ဓာထဲက
ချိုမြိန်သော ချစ်ခြင်းမေတ္တာတွေနဲ့

ကဗျာမဆန် ကာရံမလှပေမယ့်
အနွံတာခံကာ ပေးဆပ်မှု့တွေနဲ့မို့
ဘဝအဖော်မဖြစ် ခဏအပျော်ချစ်ဆို
ယောင်လို့တောင် အနားမကပ်ပါနဲ့လား
ကောင်မလေးရယ် ...


No comments:

Post a Comment