
ထား ခဲ့ ပါ အချစ်ရယ်
===========
မချစ်လို့ သွားမှတော့
အပြစ်ဖို့ စကားတွေ
မောင် မပြောတော့ပါဘူး အချစ်ရယ်
ဝေဒနာ စတွေနဲ့
အိပ်မရတဲ့ ညတွေမှာ
စိတ်ချပါရစေ ဆိုတဲ့
ချစ်စကားတွေလည်း
မောင် မပြောတော့ပါဘူး အချစ်ရယ်
မကြင်နာလို့ ပစ်ခဲ့မှ
ရင်မှာ ဆို့နစ်ယုံကလွဲ၍
အလွမ်း သမုဒယနယ်မှာမှ
သံယောဇဉ် စမ်း မဟုတ်ရပါပဲ
ဘဝနွေးဆိုး အိမ်မက်မျိုးထဲမှာ
မောင် နေရဲပါတယ် အချစ်ရယ်
အချစ်ရေ
ကြေကွဲ ခွဲခွာ ရင်ကွဲနာမို့
ရဲရဲကြီးသာ စွန့်ခဲ့ပါတော့
ပြန်မလာမှ အားကိုလျှော့တင်း
မာန်ကိုခွင်းကာ တိုးတိတ်တမ်းတ
မျက်ရည်ကျမယ်
မသနားရင် ထားခဲ့ပါ ။ ။
No comments:
Post a Comment