ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

ယုံ လှည့် တော့ ကွယ်

ယုံ လှည့် တော့ ကွယ်
---------------------

ခင်ရေ ပြစ်မခွာ
နှစ်တစ်ရာ ပေါင်းမယ်ပ

ရိုးမြေကျ တစ်သက်ဆုံးပေါ့
ပြစ်မုန်းလို့ မခွာနဲ့လေ ။

ခင်ရေ မေတ္တာဖြိုင်
သစ္စာတိုင် ယိုင်မကျိုးပါနဲ့
ပြာကျကာ ခန္ဓာစဲမှ
ခွာပါမယ် ရာသက်လုံးပေါ့ ။

ဆုပန်မယ် ထံတော်ပါးမှာလ
ခင် နှင့် မောင် မဝေးရအောင်
ပန်း ဆီမီး အသွယ်သွယ်နဲ့
ရေချမ်းတွေ သက်စေ့လောင်းမယ်
ခင်ရယ်
ယုံလှည့်တော့ ကွယ် ။ ။


No comments:

Post a Comment