ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

သေရင် မပါ ဘဝ က ပြာ

သေရင် မပါ ဘဝ က ပြာ
-××××××××××××-

ဟုတ်ပါတယ်

......... ဟုတ်ပါတယ်

ဂုဏ်ကြီးရှင် မမရယ်
ရွှေ မှုန်ကိုစား ရွှေ လင်ဗန်းနဲ့အချင်းဆေး
ရွှေ အိမ်မှာနေ ရွှေ ကားကိုစီးပါလို့
ပကာသန အရောင်တွေနဲ့
ပါးသိပ်ပြောင်လှတာပေါ့ဗျာ

ကျူပ်တို့လို မျက်နှာမွဲတွေကတော့
ကား ဆိုတာ ခပ်ဝေးဝေး
အိမ် ဆိုတာက တဲသာသာ
ထမင်း ဆိုတာက မနောသုခလောက်နဲ့
ဆန်ကောဆိုတာနဲ့မှ အချင်းဆေးလာရသူတွေလေ

ရာဇာဝင် စာတင်ပြီး
ပြန်မပြောတော့ပါဘူးကွယ်
အမြင်မတော် မာနတွေမို့
ကျုပ်က ခဝါချကာ
တစ်ခုလေးပဲ ပြောလိုက်ပါမယ်

အပုတ်ကောင်ခြင်း ရုပ်ဆောင်တာအတူတူမို့
သေရင်လေ
ခင်ဗျား လည်း ပြာ
ကျုပ် လည်း ပြာပါပဲဗျာ ။ ။



No comments:

Post a Comment