
သတ်ခဲ့တော့ ကွယ်
++++++++++
မောင့် အချစ်ဖူးတွေလည်း
ရင်ဆူးကာ မြေခပြီ ငြိမ်းရေ
မေတ္တာစစ်ကိုမှ မောင် က မင်
အချစ်ပင်ကိုမှ မောင် က ပျိုးတော့
အလွဲလွဲတွေနဲ့ရယ်မှ
မောင် အသဲကွဲခဲ့ခြင်းလား ငြိမ်းရယ်
ငြိမ်း မေ့ပြီပေါ့
တို့နှစ်ဦးရဲ့ ဇတ်လမ်းအစ
ချက်ခန်းမှာ ရွှန်းရွှန်းဝေလို့
မောင့် အကြောင်း ငြိမ်း အကြောင်း
ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့
အကြင်နာတွေ ပိုခဲ့ကြတာက
ခုများတော့
ပြန်တွေးရင် ဝေဒနာစတွေမို့
မောင့် မှာတော့
လွမ်းအောက်မေ့ ရင်မှာကျင်
ရက်စက်တယ် သခင် ..
နာကျင်ရဖူးသူမို့
မောင့် ကိုယ်ပင် ကြောက်နေရော့သလား
စိုးထိတ်ကာ ဘလော့ ရက်လေတော့
မောင့်အနားမယ် ငြိမ်းမရှိတော့ဘု
စိတ်အားငယ် ရင်ကွဲပြီမို့
အချစ်ရယ်
တစ်ခါတည်းသာ သတ်ခဲ့တော့ကွယ် ။ ။
No comments:
Post a Comment