ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

လွမ်း မိ တယ် မောင်

လွမ်း မိ တယ် မောင်
**************

မောင်
အနေကွာဝေးလို့
စိမ်းရက်လေသလား
သည်မှာလွမ်းလို့ ရူးတော့မယ် ...

မောင် မမြင် မောင်မသိပေမယ့်
မောင် မရှိတဲ့ ကမ္ဘာမှာ
တမ်းတခြင်း များစွာနဲ့
ရင်ထဲမှာကြွေ
ဩော်
ဝေဒနာနေ့ ဘယ်မေ့မလဲ မောင် ...

ဘယ်ပဲသွားသွား
ဘာပဲလုပ်လုပ်
ဘာပဲစားစား
မောင့်သရုပ် မောင့်သဏ္ဍာန်က
မေ့ပြန်လည်း မရ
မောင် မှ မောင် ပဲ
ဖြစ်နေစဲနဲ့
အကြင်နာနေ့ တရွေ့ရွေ့ဆွေးလို့
သိပ် ..သိပ် လွမ်းတယ် မောင်ရယ် ...



No comments:

Post a Comment