
မောင် သိလေမလား
^^^^^^^^^^
မောင် ရေ
မျက်ရည်တွေ ဆိတ်သုန်းလို့
ငိုမရတော့တဲ့လူတစ်ယောက်ရဲ့ရ
ဝမ်းနည်းစရာတွေ ကုန်ခမ်းသွားပြီလို့
ထင်ရက်လေသလား မောင် ....
မောင် ရေ
ကျွန်မသာ ကောင်းကင်ကြီးဖြစ်ခဲ့ရင်ပေါ
မိုးစက်တွေလို ရွာချလိုက်ချင်ပါရဲ့
သစ်ရွက်ကလေး တစ်ရွက်ဖြစ်ခဲ့ရင်လည်း
လေသရမ်းရုံနဲ့ ကြွေပြလိုက်ချင်ပါရဲ့
ခုတော့
ကြည့်စမ်းပါအုံးလား မောင် ရယ်
ဆုံးရှံးရတော့မယ်ဆိုတဲ့ အသိက
လွမ်းအောက်မေ့ နာကျင်မှု့တွေနဲ့
ရင်ထဲမှာနင့် မချိအောင်ခံစားလိုက်ရတယ်
ဘာစကားမှ ပြောမထွက်ခဲ့ပါဘူး မောင် ...
မောင် ရေ
လာပါ လာပါလို့ မခေါ်ရက်သလို
သွားပါ သွားပါလို့လည်း မနှင်ရက်ပါဘူး
အပြင်မှာ တွေ့ဖို့ရယ် မဆိုထားနဲ့
အိမ်မက်ထဲမှာ တွေ့ဖို့တောင်
အိပ်ပျော်အောင် မနည်းကြိုးစားရတဲ့
ကျွန်မ ညများစွာတိုင်းမှာ
မောင့် ကိုတွေ့ဖို့အတွက်ကတော့
အကြိမ်ကြိမ် နိုးထနေစဲပါပဲလား မောင် ရယ် ...
No comments:
Post a Comment