ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

ကျူပ်တို့ ဆုတောင်းနေတုန်း

ကျူပ်တို့ ဆုတောင်းနေတုန်း
$$$$$$$$$$$$$$$$$$$$

လဇူလိုင်မို့
မျက်ရည်တွေ ဖြိုင်ခဲ့ကြတဲ့
နေ့ရက်တွေထဲကမှ
-7ကလည်း တစ်ရက်ပါပဲလား

စိန်ပန်းတွေ ပွင့်ဖူးနေတာ မဟုတ်ဘူး
ကံကော်တွေ ဝေဆာနေတာ မဟုတ်ဘူး
ဝါဆိုပန်းတွေ မြူးယှက်နေတာ မဟုတ်ဘူး
ဘဝင်ဖော် အာဏာရူးတွေရဲ့
မိုင်းတိုက်ကာ ချောင်ပိတ်ရိုက်တဲ့နေ့
ကျောင်းသာတွေ သွေးမြေခတဲ့နေ့
ခွပ်ဒေါင်းတွေ ကြွေလွင့်တဲ့နေ့
လက်သည်းဆိတ်တော့ လက်ထိပ်နာလို့
ပါဝင်သူအားလုံး ကျဆုံးတဲ့နေ့
ခေါင်းရမ်းပန်းတွေ ပျော်မြူးတဲ့နေ့

ဇမ္ဗြူဒီပါ လက်ယာတောင်ကျွန်းမှာမှ
ကိုယ့် လူမျိုး ကိုယ့် ပြန်သတ်
ကိုယ့် ဘာသာ ကိုယ့် ဖျက်စည်းလို့
ဆန်ကောလောက်မှ ဇောက်မနက်ပဲ
ခင်ဗျားတို့
အသိတရားတွေ ခေါင်းပါးရက်လေသလား

စိတ်ချပါလေ
ကျူပ်တို့တွေ အသက်စတေးခဲ့ရပေမယ့်
ကျိန်စာတွေ ပြန်မတိုက်ခဲ့တော့ဘူး
နောင် သံသရာ ဘဝဆက်တိုင်းမှာ
ခင်ဗျားတို့လို
မင်းဆိုး မင်းညစ် မင်းယုတ်တွေနဲ့သာ
ထပ်မစုံ မတွေ့ရပါစေနဲ့လို့
ကျူပ်တို့ ဆုတွေတောင်းနေတုန်း ။ ။

No comments:

Post a Comment