==========
သြော်
အမြင်မတော် အာဏာရူးတွေရဲ့
စင်ပေါ်ဝယ် မာန်ဂုဏ်ထူးပါလို့
နှစ်တွေကအလီလီ
သယံဇာတတွေလည်း ကုန်ခဲ့ပြီ
လူမြိုကာ လူမျိုးမပြုတ်ပေမယ့်
ဘာသာတူ လူမျိုးရယ်ဖြုတ်လေမှ
ကျောင်းတွေလည်း အလီလီ
သိမ်တွေလည်း အလီလီ
ရွာတွေလည်း အလီလီ
တောင်တွေလည်း အလီလီနဲ့
လူစိတ်ပျောက်ကာ
ဗိုလ်စိတ်ဖောက်လေတော့
ပျောက်နေတဲ့ ပြည်ဌာနီက
ဇမ္ဗူဒီပါ လက်ယာကျွန်းရယ်မို့
အောင်အော်ဘာနမိတ်တွေလည်း
ဆိတ်သုံးလို့ ကွယ်ခဲ့ပြီ
တို့ရောက်နေ မွတ်တွေခြားမှာလ
မျက်နှာမငယ် ရောင်ချီထွန်းပေမယ့်
အလှမ်းကွာ ပြည်မြန်မာတွင်းမှာက
တပ်ပိုင်တွေ လုပ်နေသမျှတော့
ရင်မအေးပါ ပြည်အရေးပေမို့
သင်းတို့တတွေ အသေမဆိုးဖို့အရေး
မြန်ပြည်သူအားလုံးမှ ဆုခြွေကာပေးပါမယ်
လှမ်း လှမ်း ၍ ဝေးကွာသွား
ခင်ဗျား ခင်ဗျား တို့ကိုလေ
ချစ် ချစ် ကြပါစေသား ။ ။

No comments:
Post a Comment